ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုသင်တန်းသို့ တက်ရောက်ကြသော ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ဖြူးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်း အရာများကိုလည်းကောင်း၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက အလွယ်တကူ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းသား ၊သင်တန်းသူ ၃၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)