
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ရွှေဘုံသာ၊ တာကြီးတန်းလမ်းရှိ “ထန်းတော” ဖယောင်းတိုင် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ထန်းတောဖယောင်းတိုင်လုပ်ငန်းတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိထားပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဖယောင်းတိုင် လုပ်ငန်းရှင်ဦးကျော်သောင်းနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)