ယနေ့ဒေသထွက်ကွမ်းသီးစျေးနှုန်းကောင်းမွန်လာရခြင်းနှင့် စျေးကွက်

Powered by Drupal

ကွမ်းပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ပူ၍ စိုထိုင်းသော ဒေသများ၌ အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နိုင်ငံခြားပို့ကုန်အမယ်ပစ္စည်းတစ်မျိုးဖြစ်သလို ပြည်တွင်းတွင်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြပါသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသလို ခြံကျယ်များတွင် လည်းစိုက်ပျိုးလျက်ရှိသည်။ ခရမ်းပြားကဲ့သို့ ကွမ်းသီးနုပေါင်း တွင်ကျယ်လာခြင်းတို့ကြောင့် ကွမ်းသီးနု တင်ပို့မှုများပြားလာခဲ့ပြီး  ယနေ့ကွမ်းသီးနုမထွက်မှီ ကွမ်းသီးရှားပါလာခြင်းနှင့် ကွမ်းသီးခြောက်စျေးနှုန်းများသည် မိုးပေါ်ထောင်တက်လျက်ရှိ ပေသည်။  ကွမ်းသီးခြောက်စျေးကောင်းရခြင်းသည် တောင်သူများ အတွက် သတင်းကောင်းပင် ဖြစ်ပါသည်။

၂၀၂၅ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် မြိတ်ခရိုင်ရှိ ကွမ်းသီးလုပ်ငန်းရှင်သို့မေးမြန်းချက်အရ ဒေသထွက်ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ခန့်ထိရှိနေပြီး ကွမ်းသီးခွဲခြမ်းသည် တစ်ပိဿာလျှင် ကျပ်၁၆၀၀၀ခန့်ရှိ စျေးရရှိနေကြောင်း သိရှိရပါသည်။ ဒေသထွက် ကွမ်းသီးစျေးနှုန်းများကောင်းမွန်လာခြင်းနှင့်အတူ ကွမ်းသီးခြောက်တင်ပို့မှုအား ကောင်းလျက်ရှိပြီး မြိတ် ခရိုင်တွင် ဒေသထွက်ကွမ်းသီးများအား ရန်ကုန်နှင့် မန္တလေးတိုင်များသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးလုပ်ငန်းရှင်များ ပြောကြားချက်အရ “နောက်ပိုင်းနှစ်တွေမှာ ဒီထက်ပိုစျေး ကောင်းလာဖို့မျှော်လင့်တယ်၊ စျေးလည်းကောင်းလာလိမ့် မည်ထင်ကြောင်း” ပြောကြားခဲ့ပါတယ်။

DOCA(တနင်္သာရီ)