
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီ တွင် ဌက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ဌက်ပျောသီး အမျိုး အစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချကြပါ သည်။ ဌက်ပျောသီးအမှည့်များကို ဌက်ပျောကြော်များပြုလုပ်၍ မနက်စာအနေဖြင့် လက်ဖက် ရည်များနှင့် စားသုံးကြပါသည်။ ဌက်ပျောသီးအစိမ်းများကို သရေစာဌက်ပျောကြော်ခြောက်များ ပြုလုပ်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။
ယခုမတ်လတွင် မြိတ်မြို့နယ်ရှိ ဌက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်းသီးတစ်ဖီးလျှင်(၄၅၀၀) ကျပ်ရှိပြီး ရွှေဌက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)