တောင်းကြီးမြို့ အမှတ်(၅)ဈေးမှ စူကာသီး (ခေါ်) ဂေါ်ရခါးသီး

Powered by Drupal

အေးမြတဲ့ဒေသမှာ များစွာဖြစ်ထွန်းတဲ့ ဂေါ်ရခါးသီး (ရှမ်းပြည်နယ်အခေါ်) စူကာသီးများ သည် တစ်နှစ်ပတ်လုံး ကောင်းစွာပေါက်ရောက်ပါသည်။ ‌ ဂေါ်ရခါးသီးသည် အရသာမှာ အလွန် ကောင်းမွန်ပြီး အချိုဓါတ်အပြည့်အဝ ပါဝင်သော ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ စူကာသီး အပင်သည် အနွယ်ပင်အမျိုးအစားဖြစ်၍ မြန်မာနိုင်ငံတွင်သာမက အနောက်နိုင်ငံများတွင်လည်း များစွာ လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။

ဂေါ်ရခါးပင်မှ ထွက်သော ဂေါ်ရခါးညွှန့်များကိုလည်း ကြော်စားချက်စားနိုင်ပြီး အရည် ရွှမ်းသော စူကာသီးကို ကြက်ဥနှင့်ရောမွှေ၍ ကြော်စားလေ့ရှိသလို မိမိနှစ်သက်သည့် အသားငါး များနှင့်လည်း ရောပြွန်း၍ ချက်ပြုတ်နိုင်ပြီး အတို့အမြုပ်အနေဖြင့်လည်း သုံးဆောင်ကြပါသည်။ ဂေါ်ရခါးသီးသည် ကစီဓါတ်၊ ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး ၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ် စသည့် အကျိုးပြုဓါတ်များစွာ ပါဝင်ပါသည်။ အမျှင်ဓါတ်နှင့် ရေဓါတ်များစွာ ပါဝင်သောကြောင့်  ကိုယ်အလေးချိန်လျော့ချဖို့ ကူညီပေးခြင်း၊ သွေးပေါင်ချိန်တက်ခြင်းကို လျော့ချ ပေးခြင်း၊ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း စသည့် အကျိုးအာနိသင်များစွာ ရရှိနိုင်သော ဂေါ်ရခါးသီး (ခေါ်) စူကာသီး များကို ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းတစ်ခွက်အဖြစ်‌ သုံးဆောင်နိုင်ပြီး ဂေါ်ရခါးသီး(ခေါ်)စူကာသီး တစ်လုံးလျှင် (၄၀၀ကျပ် မှ ၅၀၀ကျပ်)ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)