မန္တလေးဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

မန္တလေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြက်သွန်၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်အသီးအနှံများ စသည့်ဖြင့်မျိုးစုံစိုက် ပျိုးထွက်ရှိရာ ဒေသဖြစ်ပါသည်။ ယခုအခါ သီးနှံမျိုးစုံ ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲကာလဖြစ်ပါ သည်။ ထို့ကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများအရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရသည်။ မန္တလေးမြို့ရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ ဓာတ် မြေဩဇာဈေးနှုန်းများအနေဖြင့် (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ရောင်ချနေသော ဈေးနှုန်းများမှာ ယူရီးယား(အာမို) (၁၀၀၀၀၀)ကျပ်၊ ယူရီးယာ(ဩဘာ) (၁၀၀၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)(၁၃၃၀၀၀)ကျပ်၊ ပုလဲရွှေတောင်(တရုတ်)(၁၀၀၀၀၀)ကျပ်၊ ရွှေကောမတ်(မြန်မာ ဩဘာ) (၁၃၅၀၀၀)ကျပ်၊ ပိုတက် (ဂျာမနီ)(၁၁၈၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅)(အာမို) (၁၆၀၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၈:၁၀)(ဩဘာ)(၁၂၀၀၀၀)ကျပ်၊ အာမို(၁၆:၁၆) (တရုတ်) (၁၇၆၅၀၀)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုအပတ်တွင် ယူရီးယား(အာမို) (၁၀၅၀၀၀)ကျပ်၊ ယူရီးယာ(ဩဘာ) (၁၀၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)(၁၃၅၀၀၀)ကျပ်၊ ပုလဲရွှေတောင် (တရုတ်) (၁၀၂၀၀၀)ကျပ်၊ ရွှေကောမတ်(မြန်မာဩဘာ)(၁၃၅၀၀၀)ကျပ်၊ ပိုတက် (ဂျာမနီ)(၁၂၀၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅) အာမို) (၁၆၀၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၈:၁၀)(ဩဘာ)(၁၂၃၀၀၀)ကျပ်၊ အာမို(၁၆:၁၆)(တရုတ်) (၁၇၇၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ် ကြည့်ပါက ဈေးနှုန်းများ အနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)