
မန်ကျည်းပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်လျှက်ရှိပြီး အပင်ကြီးမျိုး ပင်ဖြစ်ပါသည်။ မန်ကျည်းပင်၏ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့် များကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို အကြောသင် ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင် များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ မတ်လပထမပတ်အတွင်း အစေ့လွတ်မန်ကျည်းသီး မှည့် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၆၀၀)ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၅၀၀၀/၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရ ပါသည်။
DOCA(မန္တလေး)