ကျောက်ဖရုံသီး ဈေးကွက်

Powered by Drupal

ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးကို ချက်ပြုတ် စားသောက်ရန်အတွက် တနိုင်တပိုင်စိုက်ပျိုးခဲ့ကြရုံသာမက ကျောက်ဖရုံယို လုပ်ငန်းများတွင်လည်း ဈေးကွက်ဝင် စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောက်ဖရုံသီးကို စီးပွားဖြစ်ဧက လိုက် စိုက်ပျိုးလာကြပြီးဖြစ်ပါသည်။ ကျောက်ဖရုံသီးသည် အလွန်ထမင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံယို ပြုလုပ်ရာတွင် ကျောက်ဖရုံသီး၊ သကြားအဓိကပါဝင်ပြီး အရင်းအနှီးကုန်ကျစရိတ် နည်းသောကြောင့် မိသားစုတနိုင်တပိုင်သော်လည်းကောင်း၊ စီးပွားဖြစ် သော်လည်းကောင်း နေရာအနှံ့အပြားထုတ်လုပ် ရောင်းချလျက်ရှိပြီး တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက် အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဖေဖော်ဝါရီနောက်ဆုံးအပတ်၌ ကျောက်ဖရုံသီး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ အစိတ်ကလေးများစိတ်ကာတစ်စိတ်(၅၀၀)မှ (၁၀၀၀)ဖြင့်လည်းကောင်း ရောင်းချလျှက်ရှိပြီး ယခုမတ်လဆန်းတွင်လည်း ကျောက်ဖရုံသီးတစ်ပိ ဿာလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း၊ အစိတ်ကလေးများစိတ်ကာတစ်စိတ် (၅၀၀)မှ (၁၀၀၀)ဖြင့်လည်းကောင်း  ယခင်လဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)