
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့် လှစ်ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လပထမပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၄၀၉၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၁၄၀) ကျပ်၊ ပရီမီယမ်ဒီဇယ်(HSD) တစ်လီတာလျှင် ( ၃၆၃၀ )ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာ လျှင် (၄၂၇၀)ကျပ်ဖြင့် ရောင်းချနေကြပြီး ယခင်တစ်ပတ်ဈေနှုန်းများမှာ စက်သုံးဆီဈေးနှုန်းများမှာ Octane(92)တစ်လီတာလျှင် (၄၁၇၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၁၃၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(HSD) တစ်လီတာလျှင် (၃၆၂၅)ကျပ်၊ ရိုးရိုးဒီဇယ် (PD) တစ်လီတာ လျှင်(၄၂၈၅)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်ဈေးနှုန်းများနှင့်ယခုဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၈၅)ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာလျှင်(၁၅)ကျပ် စီဖြင့် အနည်းငယ်ကျဆင်းလာပြီး၊ Octane(95) တစ်လီတာလျှင် (၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(HSD) တစ်လီတာလျှင်(၅)ကျပ်စီဖြင့် အနည်းငယ်တက်လာကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)