မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်

Powered by Drupal

  မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက် ရှိပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်း    စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်း ဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)၈၃၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၄၀၀၀ ကျပ်နှင့် ၈၅၅၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ ကျပ်နှင့် ၈၅၀၀၀ ကျပ်၊ အထွက်တိုးပြောင်းနီ  ၇၆၀၀၀ ကျပ်နှင့် ၇၇၀၀၀ကျပ်၊  အထွက်တိုးပြောင်း(ဖြူ)  ၈၂၀၀၀ကျပ်နှင့် ၈၃၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ဗမာ) ၁၅၃၇ကျပ်၊ပြောင်းဖူးစေ့ (ရှမ်း)၁၅၅၆ကျပ်နှင့် ၁၅၈၃ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ကျပ်နှင့် ၁၅၇၄ကျပ်၊အထွက်တိုးပြောင်းနီ ၁၄၅၃ ကျပ်၊အထွက်တိုးပြောင်းဖြူ ၁၅၄၇ ကျပ် နှင့် ၁၅၆၆ကျပ်စျေးတို့ဖြစ်ကြောင်း  သိရပါတယ်။   ယခင်နှစ်ကာလတူ စျေးမှာ   တစ်ပိဿာလျှင် ပြောင်းဖူးစေ့(ဗမာ) ၉၄၄ ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၉၄၄ ကျပ်နှင့် ၉၅၄ ကျပ်၊   ပြောင်းဖူးစေ့(စီပီ) ၉၅၄ ကျပ်နှင့် ၉၆၃ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ၆၀၀ကျပ်နှင့်အထက် စျေးပိုမိုရရှိကြောင်းသိရပါတယ်။ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်း  ရှမ်း ပြည်နယ်မှ အစေ့ထုတ်ပြောင်းဝင်ရောက်မှုမှာ ( ၂၂ဘီး/ ၁၂ဘီး/ ၆ဘီး)  ၂၁၆၃ စီး၊ပြောင်း  ၄၅၁၀၅ တန်ဖြစ်ကြောင်း (၁၆)မိုင်၊ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  သိရပါတယ်။

DOCA(မန္တလေး)