မန္တလေးပဲကြီးစျေးကွက်

Powered by Drupal

 မန္တလေးစျေးကွက်အတွင်းပဲကြီးသီးနှံမှာ (အစို/အခြောက်)အရောင်းသွက်သည့် ပဲတစ်မျိုး ဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်း တစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရပါတယ်။စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင် တို့မှထွက်သည့်ပဲကြီးသီးနှံများအပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝင် ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်း တွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ၃တင်းဝင် တစ်အိတ် လျှင် ပဲကြီး(ကြီး)၂၇၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊ပဲကြီး(လတ်) ၂၄၅၀၀၀ကျပ်နှင့် ၂၅၅၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၁၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာပဲကြီး(ကြီး) ၄၈၈၇ကျပ်နှင့် ၄၉၇၇ကျပ်၊ ပဲကြီး(လတ်) ၄၄၃၄ကျပ်နှင့် ၄၆၁၅ကျပ်၊ ပဲကြီး(သေး) ၃၈၀၁ကျပ်ဖြစ်ကြောင်း သိရပါတယ်၊။ ယခင်နှစ်ကာလတူအချိန်တွင် တစ်ပိဿာပေါက်စျေးမှာ ပဲကြီး(ကြီး) ၅၀၆၈ ကျပ် နှင့် ၅၂၄၉ကျပ်၊ ပဲကြီး(လတ်)၄၈၈၇ကျပ်၊ ပဲကြီး(သေး) ၄၅၂၅ကျပ်နှင့်၄၇၀၆ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ ယခုပေါက် စျေးနှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးအနည်းငယ်လျော့နည်းသွားကြောင်း သိရပါ တယ်။ပဲကြီးသီးနှံဝင်ရောက်မှုပမာဏပေါ်မူတည်၍ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲ မှုရှိကြောင်းသိရပါတယ်။ပြည်တွင်း၌ပဲကြီးသီးနှံမှာအရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ပြည်တွင်း စားသုံးမှုပမာဏများပြားခြင်းနှင့်ပြည်ပတင်ပို့သည့်စျေးကွက် လိုအပ်ချက်များသည့်ပဲတစ်မျိုးဖြစ် ကြောင်း သိရပါတယ်။

DOCA(မန္တလေး)