မန္တလေးစပျစ်သီးစျေးနှုန်းစျေးကွက်

Powered by Drupal

မန္တလေးသစ်သီးစျေးကွက်အတွင်းသို့   မတ်လပထမပတ်တွင်ရမည်းသင်းခရိုင်မှ   ထွက်ရှိ သည့် စပျစ်သီးများဝင်ရောက်လျက်ရှိပြီး၊စစ်ကိုင်းတိုင်းဒေသကြီးမှလည်းဝင်ရောက်ကြောင်း သိရ ပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုးလျက်ရှိပြီး၊အီတလီNo(3)BQBKRG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း  သိရပါတယ်။ စပျစ်သီးစားသုံးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါသက်သာစေခြင်း၊နှလုံးရောဂါဖြစ်နိုင်‌ ခြေကို လျော့ချပေးခြင်း၊  ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊  ဝမ်းမှန်စေခြင်း၊ အစာကြေညက် စေခြင်း၊ညောင်းညာမှုကိုတွန်းလှန်နိုင်ခြင်း၊ကျောက်ကပ်ရောဂါကိုသက်သာစေခြင်း၊ရင်သားကင်ဆာမဖြစ်အောင် ကာကွယ် ပေးခြင်း၊ဦးနှောက်ကျန်းမာရေးနှင့်အာရုံကြောထိခိုက်မှုဆိုင်ရာ ရောဂါ များသက်သာစေခြင်းနှင့်မျက်စိ ကိုကျန်းမာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရ ပါတယ်။ စပျစ်သီးအားအသီး အတိုင်းစားသုံးခြင်း၊ အခြောက်ခံခြင်း၊ ယိုထိုး ခြင်း၊ဝိုင်၊ဖျော်ရည်နှင့် စားသောက် ကုန်တို့တွင် စပျစ်သီးခြောက်များထည့်၍စားသောက်ကြောင်း သိရပါတယ်။  သစ်သီး ဝင်ရောက်မှုအနေဖြင့်ဒေသအသီးသီးမှဝင်ရောက်လာသည့်သစ်သီးများအားမန္တလေးမြို့၊  စျေးချို စျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါ တယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် မတ်လပတ်အတွင်း ဝင်ရောက်လာသည့်စပျစ်သီး‌ စျေး မှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊စပျစ်သီး အချွန်မျိုး  ၁၁၀၀ဝ ကျပ်နှင့်၁၂၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး)၉၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်စျေးဖြစ်ပြီး၊အသီး အရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီ ရောက် လာပြီဖြစ်၍ မတ်လပထမပတ်အတွင်း  မန္တလေးသစ်သီးစျေးကွက်တွင် စပျစ်သီးဝင်ရောက်မှုများ ပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)