ပဲတီစိမ်းစျေးနှုန်းစျေးကွက်

Powered by Drupal

 မတ်လပထမပတ်အတွင်း မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲတီစိမ်း သီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲတီစိမ်းသီးနှံမှာ ပြည်တွင်းစား သုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့ အထိ၂၀၂၄-၂၀၂၅ခုနှစ်ပဲတီစိမ်းသီးနှံစိုက်ပျိုးမှု(၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁) ဧက၊ အထွက် နှုန်း(၁၁.၆၄)တင်းနှင့်အထွက်(၂၉၄၉၀၁၇)တင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ပေါက်စျေးများ မှာ ၃တင်းတစ်အိတ်လျှင်ပဲတီစိမ်းသေး(နောက်)၂၇၅၀၀၀ကျပ်၊   ပဲတီစိမ်း(အညာ) ၂၅၀၀၀၀ ကျပ် နှင့် ၂၆၀၀၀၀ကျပ်၊ ပဲတီစိမ်း(ပဲခွဲ)၂၃၀၀၀၀ကျပ်နှင့် ၂၆၅၀၀၀ကျပ်၊ တစ်ပိဿာစျေး မှာ ပဲတီစိမ်း သေး(နောက်)၄၈၈၉ကျပ်၊  ပဲတီစိမ်း(အညာ)၄၄၄၄ကျပ်နှင့် ၄၆၂၂ကျပ်၊ပဲတီစိမ်း (ပဲခွဲ) ၄၀၈၉ ကျပ်နှင့် ၄၇၁၁ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ် အိတ်လျှင်ပဲတီစိမ်းသေး(နောက်) ၁၆၅၀၀၀ကျပ်နှင့် ၁၇၀၀၀၀ကျပ်၊ ပဲတီစိမ်း(အညာ) ၁၆၀၀၀၀ ကျပ်နှင့်၁၆၅၀၀၀ ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၁၂၅၀၀၀ ကျပ်နှင့် ၁၃၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်းသေး(နောက်) ၂၉၃၃ကျပ်နှင့် ၃၀၂၂ ကျပ်၊ ပဲတီစိမ်း(အညာ)၂၈၄၄ နှင့်၂၉၃၃ ကျပ်    ပဲတီစိမ်း(ပဲခွဲ)၂၂၂၂ ကျပ်နှင့် ၂၃၁၁ ကျပ်တို့ဖြစ်ပြီး၊ယခုနှစ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁၆၀၀ကျပ် နှင့်အထက် စေျးပိုမိုရရှိကြောင်း သိရပါတယ်။ ပဲတီစိမ်းဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက် အလိုက် ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။

DOCA(မန္တလေး)