“ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ”

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၅ခုနှစ်၊မတ်လ(၄)ရက် နေ့တွင် CP ကြက်ကင်၊ ကြက်ကြော်ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးမှဆွေးနွေးရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ ကုန်ပစ္စည်းအမျိုးအမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ဓါတ်မတည့်ကြောင်း ဖော်ပြချက်များကိုလည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ(၄၁)တွင်ပါရှိ သည့်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်(၈)ချက်ရှိကြောင်း၊အခန်း(၁၀) ပုဒ်မ(၂၁)တွင် လုပ်ငန်းရှင်များ၏တာဝန် (၁၁)ချက်ရှိကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)