အရောင်းသွက်သည့်ပန်းဂေါ်ဖီ

Powered by Drupal

 မန္တလေးစျေးကွက်အတွင်းသို့ ကုန်စိမ်းသီးနှံမျိုးစုံအများအပြား ဝင်ရောက်လျက်ရှိပြီး၊ ပန်းဂေါ်ဖီ ပွင့်မှာ ဝင်ရောက်မှုများသည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းများမှာ မန္တလေးကုန်စိမ်းစျေးကွက်သို့ ဝင်ရောက်မှုများကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်းသည် အဟာရဓါတ်ပါဝင်မှု ကွာခြားမှုမရှိဘဲ ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပြီး၊ အမျှင်ဓါတ်၊ သတ္တုဓါတ်၊ ဗီတာမင် များနှင့် Antioxidants များ ကြွယ်ဝခြင်းတို့ကြောင့် ကျန်းမာ ရေးအတွက် အကျိုးပြုသော ဟင်းသီး ဟင်းရွက်အမယ်တစ်မျိုးဖြစ်ပါတယ်။ ပန်းဂေါ်ဖီပွင့်စိမ်းမှာ မန္တလေး ကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ခုနှစ် မတ်လပထမပတ်တွင် လက္ကားစျေးတစ်ခုလျှင် ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-စျေး၊လက်လီ စျေးတစ်ခုလျှင် ၂၀၀ဝိ/-နှင့် ၂၂၀ဝိ/-စျေးတို့ဖြင့် ရောင်းချခဲ့ပြီး၊ ဖေဖော်ဝါရီလ နောက်ဆုံးအတွင်း ပန်း‌ဂေါ်ဖီပွင့်စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၀၀ဝိ/-နှင့် ၁၂၀ဝိ/- စျေး၊ လက်လီ စျေးမှာ ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိရာ ဝင်ရောက်မှုများသည့်အတွက် ‌စျေးအနည်းငယ်ကျ သွား ကြောင်းသိရပါတယ်။ပန်းဂေါ်ဖီပွင့်စိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြား မှုများရှိပြီး၊အရောင်းသွက်လျှက်ရှိသည့် ဟင်းသီးဟင်းရွက်အမယ်တစ်မျိုး ဖြစ် ကြောင်းသိရပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီ ဖြူနှင့် ပန်းဂေါ်ဖီစိမ်း ဝင်ရောက်မှုမှာ တစ်ရက်လျှင် Canter (၆) ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)