
ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသ ထွက် ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ မန္တလေးမြို့ ၄၁လမ်း စျေးမှာ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ဝင်ရောက် မှုများ ကြောင်း သိရပါတယ်။ ကင်းပုံသီးမှာ အချိုမျိုးနှင့်အခါးမျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီး နှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်းသိရပါတယ်။ကင်းပုံသီးအခါးသီးမှာ ဆေးဖက်ဝင်ကြောင်း ပြီး၊ (၁၂)လ ရာသီနီးပါးထွက်ရှိသည့် အစားအစာဖြစ်ကြောင်း သိရပါတယ်။ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးစားသုံးကြပါတယ်။ ကင်းပုံသီးအရသာမှာ ချိုခြင်း၊ အေးခြင်း၊ ဖန်ခြင်း၊ စိမ့်ခြင်း၊ ငန်ခြင်းနှင့်နှုတ်မြိတ်စေပြီး ၊ ကင်းပုံသီးစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊လေနိုင်ခြင်း၊ ခေျာင်းဆိုးရောဂါ ကိုသက်သာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ နှလုံးနှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း၊ အဝလွန်ခြင်းကိုထိန်းညှိပေးခြင်း၊သွေးအားနည်းခြင်းနှင့်မောပန်း ခြင်း တို့ကို သက်သာစေနိုင်ကြောင်း သိရပါတယ်။ ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ကုန်စိမ်းစျေးကွက် တွင် ကင်းပုံသီးဝင်ရောက်မှုများပြားပြီး၊ ကင်းပုံသီးအချိုသီး (၂၅) လုံးလျှင် ၁၅၀၀ကျပ် နှင့် ၂၀၀၀ ကျပ်၊ အခါးသီး (၂၅)လုံးလျှင် ၁၀၀၀ကျပ်နှင့် ၁၃၀၀ ကျပ်၊ အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာ လျှင်၁၅၀၀ကျပ်နှင့် ၂၀၀၀ ကျပ်အသီးသီးဖြစ်ပေါ်လျက်ရှိပါတယ်။ ကင်းပုံသီးမှာ အလုံးအရွယ်အစား အလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ပွင့်လင်းရာသီချိန်တွင် အရောင်းသွက်လျက်ရှိသည့် အမယ် ဖြစ်ကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြချက်အရသိရပါတယ်။
DOCA(မန္တလေး)