ဆေးဖက်ဝင်ဥသျှစ်ရွက်

Powered by Drupal

 ဥသျှစ်ပင်သည် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်သည်။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်းရှိန်းအနံ့မွှေးပါသည်။ အညာဒေသမှာတော့ တမာပင်၊ ကုက္ကိုလ်ပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ညောင်ပင်များနှင့်အတူ ဥသျှစ်ပင်မှာလည်း သဘာဝကပေးသော ဟင်းလျာနွယ်ဝင် နတ်ဆေးပင်များဖြစ်ပါသည်။ တမာပင်မှ တမာရွက်နုကိုလည်းကောင်း၊ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ရွက်နုကိုလည်းကောင်း၊ ထနောင်းပင်မှ ထနောင်းရွက်နုကိုလည်းကောင်း၊ မန်ကျည်းပင်မှ မန်ကျည်းရွက်နုကိုလည်းကောင်း၊ ညောင်ချဉ်ပင်မှ ညောင်ချဉ်ရွက်ကိုလည်းကောင်း ခူးယူ၍ အတို့အမြုပ်လုပ်၍ ဖြစ်စေ၊ ပြုတ်ပြီးသုပ်၍ဖြစ်စေ စားသောက်ကြသလို ဥသျှစ်ပင်မှ ဥသျှစ်ရွက်နုကလေးများကိုလည်း အတို့အမြုပ်လုပ်၍ စားသောက်ကြပါသည်။ဥသျှစ်ရွက် နေ့စဉ်မှန်မှန်စားသုံးပါက ဝမ်းချုပ်တာကို သက်သာစေပါသည်။ သွေးအတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသည်။ ဥသျှစ်ရွက်က ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးပြီး ပူပြင်းတဲ့နွေရာသီမှ ခန္ဓာကိုယ်အပူကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါသည်။ အညာဒေသ ဥသျှစ်ပင်မှ ဥသျှစ်ရွက်နု ကလေးများ စတင်ထွက်ပေါ်နေပြီဖြစ်၍ ဈေးကွက်အတွင်း၌ ဥသျှစ်ရွက်(၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)