ကုက္ကိုလ်ရွက်ဈေးကွက်

Powered by Drupal

အညာဒေသတွင် ကုက္ကိုလ်ပင်၊ တမာပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ညောင်ပင်များသည် အရိပ်ရသစ်ပင်များအဖြစ် လမ်းဘေးဝဲယာနေရာအနှံ့အပြား၌ အလေ့ကျပေါက်ပင်များဖြစ်သည်။ ယခုလိုနွေဦးပေါက်ရာသီတွင် ၎င်းသစ်ပင်ကြီးများ၏ အရိပ်အောက်တွင် ကုက္ကိုလ်ရိပ်အအေးဆိုင်၊ ထနောင်းရိပ်အအေးဆိုင်၊ မန်ကျည်းရိပ်အအေးဆိုင် စသည်ဖြင့် နွေရာသီစာ ကြံရည်နှင့် သစ်သီးမျိုးစုံဖျော်ရည်အရောင်းဆိုင်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ပွင့်လင်းရာသီဖြစ်၍ ပဲမျိုးစုံနှင့် သီးနှံမျိုစုံရိပ်သိမ်းပြီးကာလဖြစ်ရာ တောင်သူဆူဖြိုးချိန်ဖြစ်သည်။ တပေါင်းလရာသီသည် တပေါင်းပွဲတော်၊ ရွှေစာရံပွဲတော်သွားလာလည်ပတ်သူများနှင့် စည်ကားလျှက်ရှိပါသည်။ ၎င်းခရီးသွားများသည် နွေအပူမှာနေအရိပ်ကို ခို၍ ဝယ်ယူစားသောက်သူများနှင့် စည်ကား၍ နေပြီဖြစ်ပါသည်။၎င်းအပင်များသည် အရိပ်ရနှစ်ရှည်ပင်များဖြစ်သလို ၎င်းတို့၏ အရွက်နု ကလေးများကို ခူးယူရောင်းချ လုပ်ကိုက်စားသောက်ကြသူများလည်းရှိပါသည်။ ကုက္ကိုလ်ရွက်နှင့် ဆင်တူသည့် သစ်ကြီးရွက်ကို စားသုံး၍မရပါ။ စားရတဲ့ကုက္ကိုလ်ပင်ဖြူ၏ အရွက်ကိုသာ စား၍သာရပါသည်။ ယခုရာသီတွင် ရွက်ဟောင်းကြွေပြီးရွက်သစ်ဝေလာတဲ့အခါ အရွက်နု ကလေးတွေ ဝေဆာနေပြီဖြစ်ပါသည်။ ကုက္ကိုလ်ရွက်ကိုပြုတ်၍ အတို့မြုတ်လုပ်၍ သော်လည်း ကောင်း၊ သုပ်၍သော်လည်းကောင်း စားသောက်ကြသည်။ တပေါင်း၊ တန်ခူးလအထိ ခူးယူစားသောက်ကြရသည်။ မကြာမီရောက်ရှိမည့် နှစ်ဦးသင်္ကြန်ကာလတွင် ဥပုသ်သီလဆောက် တည်ရာ၌ ကုသိုလ်ပြုရာတွင်လည်း ကုက္ကိုလ်ရွက်သုပ်ကို ကျွေးမွေးဝေငှကုသိုလ် ယူကြ ပါသည်။ ဈေးကွက်အတွင်း၌ ကုက္ကိုလ်ရွက်ပြုတ်(၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိ ကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)