“ကုလားပဲ(ဆောင်း)များလှိုင်လှိုင်ထွက်ပေါ်”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ကျောက်ဆည်မြို့နယ်တွင်(၃၀၀၉၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး(၁၁၅၄)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ကုလားပဲကိုမျိုးအနေဖြင့် V2မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍(၂)မျိုး ရှိပြီး V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့်(၁)ဧကလျှင် မျိုးစေ့တစ်တင်း၊ တစ်တင်းခွဲနှုန်းခန့် ပတ်ကြဲရကြောင်း၊ တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ် အသုံးပြုသလို အချို့တောင်သူများသည် စိုက်ပျိုးချိန်တွင် ပွဲရုံများမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း (၃၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် ဆောင်းကုလားပဲများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ် ကြောင်း၊(၁)ဧက အထွက်နှုန်းအနေဖြင့်(၁၁-၁၂)တင်းခန့်ထွက်ရှိကြောင်း ယခင်နှစ်ကုလားပဲ စျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၈၀၀၀)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင်(၈၆၀၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခု ကုလားပဲပေါ်ချိန်တွင် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၆၉၀၀၀) ကျပ်၊ ကုလားပဲ(V2) တစ်တင်းလျှင် (၇၁၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တောင်သူများမှ ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း၊ ပွဲရုံများမှ တဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၄၈၀၀၀၀)ကျပ် ဝန်းကျင်အကျိုးအမြတ်ရရှိနေပါကြောင်း၊ ကုလားပဲစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)