အုန်းသီးနှင့်ငှက်ပျောသီးများ အရောင်းသွက်

Powered by Drupal

  မန္တလေးမြို့သို့ ငှက်ပျောထွက်ရှိရာဒေသများဖြစ်ကြသည့် ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ စဉ့်ကိုင်၊ မတ္တရာမြို့တို့မှ ထွက်ရှိသည့် ငှက်ပျောသီးနှင့်အုန်းသီးများ နေ့စဉ်ဝင်ရောက်လျှက်ရှိပါ သည်။ ယခုလို တပေါင်းလရာသီအချိန်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရွှေစာရံ စေတီဘုရား ပွဲတော်ရက်အတွင်း ဘုရားကန်တော့ပွဲများနှင့် သစ္စာအဓိဌာန်ရွှေစာရံ ဆိုသည့်အတိုင်း အဓိဌာန် အောင်မြင်သူများသည် အုန်းပွဲငှက်ပျောပွဲများကို ဘုရားသို့ လှူဒါန်းသကဲ့သို့ ရိုးရာနတ်ပွဲများတွင် ပူဇော်ကြပြီး ပွဲတော်ရက်အတွင်း အခြားနေ့များနှင့်မတူပဲ ရောင်းကောင်းလျှက်ရှိကြသည်။ ယခင်နှစ်က အုန်းသီးတစ်လုံးနှင့် ငှက်ပျောသီး(၃)ဖီးလျှင် (၈၀၀၀)ကျပ်နှင့် အုန်းသီးတစ်လုံးနှင့် ငှက်ပျောသီး(၅)ဖီးပါ ပွဲတစ်ပွဲလျှင်(၁၀၀၀၀)ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင်မူ အုန်းသီးတစ်လုံး ငှက်ပျောသီး(၃)ဖီးလျှင်(၁၀၀၀၀)ကျပ်၊ အုန်းသီးတစ်လုံးနှင့် ငှက်ပျောသီး(၅)ဖီးပါ ပွဲတစ်ပွဲလျှင် (၁၅၀၀၀)ကျပ် အထိ သတ်မှတ်ဈေးအတိုင်း ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)