
မိမိတို့မြန်မာလူမျိုးများသည် သားငါးများထက် ရာသီမရွေးပေါ်ထွက်သောသီးနှံများ၊ ရာသီအလိုက်ထွက်ပေါ်သော သီးနှံများကိုလည်း နှစ်သက်မြတ်နိုးစွာစားသုံးမှုများရာ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်မျာဝင်ရောက်လာသဖြင့် ဝယ်ယူစားသောက်မှုများ၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။
ဆူးပုတ်ပင်သည် အိမ်ခြံဝန်းကျယ်သောသူများနှင့်တောရွာများတွင်နေထိုင်သူများသည် မိမိ တို့မီးဖိုချောင်စရိတ်သက်သာစေရန်နှင့် အိမ်ခြံဝန်းအတွင်းစိမ်းစိမ်းစိုစိုဖြင့် နေထိုင်လိုကြသူများမှ စိုက်ပျိုးလေ့ရှိကြပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှုများလည်းရှိကြပါသည်။ ဆူးပုတ်ရွက်များသည် ယခင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်မှစ၍ ပေါ်ထွက်လျက်ရှိရာ လက်တစ်ကိုင်အစည်းတစ်စည်း လျှင်( ၅၀၀ )ကျပ်ဈေးနှုန်းများရှိိခဲ့ပြီး၊ ယခု မတ်လပထမပတ်တွင် တစ်စည်းလျှင်( ၄၅၀ )ကျပ်ဖြင့် ဈေးများရှိခဲ့၍ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်ယှဉ်လျှင် တစ်စည်းလျှင်( ၅၀ )ကျပ် ကျဆင်းခဲ့ပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကလေးနှင့်ဆူးပုတ်ကြီးဟူ၍ရှိရာ ဆူးပုတ်ကလေးကို လူကြီးလူငယ်အားလုံး စားသုံးကြပြီး၊ ဆူးပုတ်ကြီးသည် အကြောအချင်တက်သော အတက်စာဖြစ်သည့်အတွက် လူကြီးသူမများ စားသုံးမှုနည်းပြီး ဆူးပုတ်ကလေးကို ပဲဟင်းရည်ချက်ပြုတ်မှုတွင် အများဆုံးထည့်သွင်း၍ နှစ်ခြိုက်စွာ စားသုံးကြလေ့ရှိပါသည်။ စားသုံးသူများအနေဖြင့် ထမင်းမြိန်စေရန်အတွက် သီးနှံများကို စားသုံးရာတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုနည်းပါးသည့် သီးနှံများနှင့် သဘာဝအလျောက်စိုက်ပျိုးထွက်ရှိသော သီးနှံများကို စားသုံးမှုများလာကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)