
ရက်စွဲ၊ ၆.၃.၂၀၂၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ် ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် ဖရဲသီးပင် ကို မြေအောက်ရေတင်စနစ်ဖြင့် စတင်စမ်းသပ် စိုက်ပျိုးကြကြောင်း သိရသည်။
ဖရဲသီးပင် စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်မျိုးမှာ အိတ်ထုတ်ဖြင့်ရောင်းချသည့် မြှားနီတံဆိပ်မျိုးဖြစ်ပြီး မျိုးစေ့ကို မြေကျင်းထဲသို့ အစေ့တိုက်ရိုက်ချ စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဖရဲသီးပင်ကို (၁)ပင်နှင့် (၁)ပင် (၁၀)ပေခြား၍ တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးရပါကြောင်း၊ တစ်ကျင်းလျှင် (၃)ပင်ခန့် စိုက်ပျိုးရပြီး စိုက်ဧကအနေဖြင့် ဧကဝက်ဖြစ်ပြီး အပင် အရေ အတွက်(၆၀၀) ခန့်စိုက်ပျိုးထားကြောင်း၊ တစ်ပတ်(၁) ကြိမ်ရေးပေးသွင်းရပါကြောင်း၊ မျိုးစေ့၊ မြေပြုပြင်ခ၊ ရေသွင်းခြင်း၊ သွင်းအားစုထည့်ခြင်းများ အလုပ်သမား ငှားရမ်းခြင်း စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့်(၃)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။
ဖရဲသီးကို တပေါင်းလတွင် စတင်ခူးဆွတ် ရောင်းချရပါကြောင်း၊ ဖရဲသီးပင်(၁) ပင်လျှင် (၃)လုံး၊ တစ်ကျင်းလျှင် (၁၀)လုံးထွက်ရှိပြီး အပင်ရေအတွက်( ၆၀၀)စိုက်ပျိုးထားသည့်အတွက် အလုံးရေး (၁၈၀၀/ ၂၀၀၀)ခန့်ထွက်ရှိပါကြောင်း၊ ဖရဲသီး အလုံးအကြီး/ အသေး ဗြွန်ဈေး (၁)လုံးလျှင် ပျမ်းမျှ (၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပြီး သိန်း(၆၀)ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့် သိန်း(၅၀)ကျော် အကျိုး အမြတ်ရရှိပြီး ၂၀၂၅ ခုနှစ်၊ ယခု မတ်လ ပထမအပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ဖရဲသီး ဈေးနှုန်းအနေဖြင့် ဖရဲသီး အကြီး(၁)လုံးလျှင်(၇၀၀၀)ကျပ်၊ ဖရဲသီး အလတ်(၁)လုံးလျှင်(၅၀၀၀)ကျပ် နှင့် ဖရဲသီး အသေး(၁) လုံးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)