တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ဆူးပုတ်ရွက်ဈေးနှုန်း

Powered by Drupal

သားငါးများထက် ရာသီမရွေးပေါ်ထွက်သောသီးနှံများ၊ ရာသီအလိုက်ထွက်ပေါ်သော သီးနှံ များကိုလည်း နှစ်သက်မြတ်နိုးစွာစားသုံးမှုများရာ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်များ ဝင်ရောက်လာသဖြင့် ဝယ်ယူစားသောက်မှုများ၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများ အနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။

            ဆူးပုတ်ပင်သည် အိမ်ခြံဝန်းကျယ်သောသူများနှင့်တောရွာများတွင်နေထိုင်သူများသည် မိမိ တို့မီးဖိုချောင်စရိတ်သက်သာစေရန်နှင့် အိမ်ခြံဝန်းအတွင်းစိမ်းစိမ်းစိုစိုဖြင့် နေထိုင်လိုကြသူများ မှ  စိုက်ပျိုးလေ့ရှိကြပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှုများလည်းရှိကြပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ အထိဆူးပုတ်ရွက် ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀) ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)