‘ရာသီစာ ကင်ပွန်းချဉ်ရွက်များ အရောင်းအဝယ်ဖြစ်နေ’

Powered by Drupal

ကင်ပွန်းချဉ်ပင်သည် အပင်ကြီးမျိုးဖြစ်ပြီး ရိုးတံတွင်အဆူးလေးများပါရှိကာ အရွက်သေးသေး လေးများနှင့် အခိုင်လိုက်ရှိပါသည်။ ကင်ပွန်းချဉ်ရွက်တွင် အနီမျိုးနှင့် အဖြူမျိုးဟူ၍ နှစ်မျိုးရှိပြီး ရှေးယခင်က ခြံစည်းရိုးများတွင် အစီအရီစိုက်ပျိုးကြသလို ယခုအခါ စားသုံးသူများပြားလာသဖြင့် စီးပွားဖြစ် အခင်းလိုက်စိုက်ပျိုးလာကြောင်း သိရသည်။

ကင်ပွန်းချဉ်ပင်ကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသ များတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ မိုးနည်းသောဒေသတွင် ရေကိုစနစ်တကျ ပြည့်ဝစွာပေးနိုင်ပါ ကလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းရည်အဖြစ်သော်လည်းကောင်း၊ ကင်ပွန်းချဉ်ရွက်ကို သီးသန့်ကြော်စား၍သော်လည်းကောင်း၊ ပုစွန် (သို့) ပုစွန်ခြောက်နှင့်ရော၍ သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ငါးရက်တစ်ဈေးတွင် ဒေသခံတောင်သူများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်သော်လည်းကောင်း၊ ဖက်ရွက်လေးနှင့် ထုပ်ထားပြီးသော်လည်းကောင်း တစ်ထုပ် (တစ်စည်း) လျှင် (၃၀၀ မှ ၅၀၀) ကျပ်ခန့်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)