
မတ်လဒုတိယပတ်အတွင်း ကြက်ဥစျေးမှာ မတ်လပထမပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ကြက်ဥစျေးကွက်အနေဖြင့်ကြက်စာစျေးအနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် အနည်းငယ်ကျသွား ကြောင်းသိရ ပါ တယ်။ ၂၀၂၅ ခုနှစ်မတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ(၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၄၂ဝိ/-နှင့် ၄၅ဝိ/- ၊ ဘဲဥတစ်လုံး လျှင် ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံး လျှင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှုရှိသော်လည်း အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ ပြင်ဦးလွင်ဒေသရှိမွေးမြူရေးခြံများမှမန္တလေးစျေးကွက် အတွင်းသို့ ကြက်ဥဝင်ရောက်မှုမှာ ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ လအတွင်း ၆ ဘီး နှင့် ၁၂ ဘီးယာဉ် (၃၇၁)စီး ဝင်ရောက်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)