ရာသီပေါ် မုန်ညှင်းဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

မုန်ညှင်းဖြူသည် မြန်မာနိုင်ငံသမပိုင်း ဒေသများတွင် စိုက်ပျိုးလေ့ရှိသော အပင်မျိုးဖြစ်ပြီး၊ စိုက်ပျိုးရန်လွယ်ကူပြီး၊ လယ်မြေများတွင် သစ်စိမ်းမြေဩဇာများဖြင့်စိုက်ပျိုးကြသည်။

မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသောမုန်ညှင်းဖြူ လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပွဲရုံများတွင် လက်ကားဈေးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိသည်။ မြို့နယ်တွင်းဝင်ရောက်မှုအနေဖြင့် ရှမ်းပြည် နယ်တောင်ကြီးမြို့နှင့်ပြင်ဦးလွင်မြို့များမှ တင်သွင်းကြောင်းသိရသည်။ အမျှင်ဓာတ်ကြွယ်ဝသော ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးသည်။ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့် နေ့စဉ်စားသုံးသင့်သော အစားအစာ တစ်ခုဖြစ်သည်။

DOCA(မန္တလေး)