
မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးသည့်တိုင်းဖြစ်ပြီး၊သီးနှံ ကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက် သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများ ကြိတ်ခွဲသည့်စားသုံးဆီများဖြင့် ပြည်တွင်းစားဆီ ဖူလုံမှုရှိစေရေး၊ စားဆီများတင်သွင်းမှုလျော့ချနိုင်ရေးတို့အတွက် တွန်းအားပေးဆောင်ရွက် လျက် ရှိကြောင်း သိရပါတယ်။ စားဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်စေရန်အတွက် နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ (အညာ) ၈၅၀၀ကျပ်နှင့် ၈၈၀၀ ကျပ်၊ S1 လုံးဆံ(မြင်းမူ) ၉၂၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်၊ S1 ဆီဆံ ၈၀၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ M တွဲလုံးဆံ ၈၇၀၀ ကျပ်နှင့် ၈၇၅၀ ကျပ်၊ M တွဲဆီဆံ ၈၆၀၀ကျပ်၊ အနီလုံးဆံ ၈၀၀၀ကျပ်နှင့် ၈၂၀၀ကျပ်၊အနီဆီဆံ ၇၈၀၀ ကျပ်နှင့် ၇၉၀၀ ကျပ်၊ပြန့်လုံးဆံ ၉၀၀၀ ကျပ်နှင့်၉၁၀၀ကျပ်၊ပြန့်ဆီဆံ ၈၈၀၀ ကျပ်နှင့် ၈၉၀၀ကျပ်နှင့်ပဲဖတ်စျေးမှာ ၅၇၀၀ကျပ်နှင့် ၅၇၅၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ S1လုံးဆံ ၇၁၀၀ကျပ်နှင့် ၇၅၀၀ ကျပ်၊S1လုံးဆံ(သစ်)မြင်းမူ ၇၈၀၀ကျပ်နှင့်၈၀၀၀ကျပ်၊ အနီလုံးဆံ(ရှည်) ၇၀၀၀ ကျပ်နှင့် ၇၇၀၀ ကျပ်၊အနီလုံးဆံ(ဝိုင်း) ၇၅၀၀ ကျပ်နှင့် ၈၁၀၀ကျပ်၊ Mတွဲလုံးဆံ ၆၅၀၀ကျပ်နှင့် ၆၈၀၀ကျပ်၊ ပြန့်လုံးဆံ ၆၅၀၀ ကျပ်နှင့် ၆၆၀၀ကျပ်၊ပြန့်ဆီဆံ ၆၁၀၀ကျပ်နှင့် ၆၆၀၀ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် မြေပဲဆံ ပေါက်စျေးမှာ တစ်ပိဿာလျင် ၁၀၀၀ ကျပ်ပိုမိုရရှိကြောင်း သိရပါတယ်။ မြေပဲ ဆံဝင်ရောက်မှု အပေါ်မူတည်၍စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်း ငယ်ပြောင်းလဲမှုရှိ ကြောင်း သိရပါ တယ်။ မြေပဲသီးနှံမှာ စားသုံးဆီကြိတ်ခွဲခြင်းနှင့် စားသောက်ကုန်အမျိုးမျိုးတို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့်စျေးကွက် ဝင် ဆီထွက် သီးနှံ ဖြစ်ကြောင်းသိရပါတယ်။
DOCA(မန္တလေး)