
မတ်လဒုတိယပတ်အတွင်းမန္တလေးစျေးကွက်သို့ စားတော်ပဲ များဝင်ရောက် လျက်ရှိပြီး၊စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ စားတော်ပဲ သီးနှံအား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်အများအပြား စိုက်ပျိုးပြီး၊ ကျန်ဒေသများတွင် လည်း စိုက်ပျိုး ကြောင်း သိရပါတယ်။ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများ စိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိ ရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျင် စားတော်ပဲ (ကနေဒါ) ၃၃၅၀၀၀ ကျပ်နှင့် ၃၄၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၄၅၀၀၀ ကျပ် နှင့် ၃၅၀၀၀၀ကျပ်၊ တစ် ပိဿာလျှင်စားတော်ပဲ(ကနေဒါ) ၅၆၅၄ကျပ်နှင့်၅၇၃၈ ကျပ်၊ စားတော်ပဲ (ကျွန်း) ၅၈၂၃ကျပ် နှင့် ၅၉၀၇ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူပေါက်စေျးမှာ၃တင်းဝင်တစ်အိတ် လျှင် စားတော်ပဲ(ကနေဒါ) ၂၄၆၀၀၀ကျပ်နှင့်၂၄၇၀၀၀ ကျပ်၊စားတော်ပဲ(ကျွန်း) ၂၈၀၀၀၀ကျပ် နှင့် ၂၉၀၀၀၀ကျပ်၊တစ်ပိဿာလျှင်စားတော်ပဲ(ကနေဒါ)၈၄၁၀ ကျပ်နှင့်၈၄၄၄ကျပ်၊စားတော်ပဲ(ကျွန်း) ၄၇၂၆ ကျပ်နှင့် ၄၈၉၅ ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေး နှိုင်း ယှဉ်ချက်အရ တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၁၅၇၀ ကျပ်နှင့်စားတော်ပဲ(ကျွန်း)၁၀၁၂ကျပ်တို့ဖြင့်စျေး ပိုရရှိကြောင်း သိရပါတယ်။သီးနှံပေါက်စျေးမှာအချိန်နှင့်လိုက်၍ပြောင်းလဲမှုအနည်းငယ်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)