
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းထောပတ်ပဲ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူကျွန်း၊ ရေစကြိုကျွန်းနယ်များ၊ မြင်းကျွန်း၊ လေးလံကျွန်းနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်၊ ကျွဲနန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖေါ်ဝါရီလ(စတုတ္ထပတ်) မှစ၍ ထောပတ်ပဲများ စတင်ရိတ်သိမ်းကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ထောပတ်ပဲဖြူများ အခြား မြို့နယ်များမှလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများမှထံမှ သိရှိရပါ သည်။
၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)မှစ၍ ပခုက္ကူကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိ ပွဲရုံများသို့လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ထောပတ်ပဲဖြူဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၈၇၅၀၀)ဖြစ်၍ မတ်လ(ပထမပတ်)တွင် ထောပတ်ပဲဖြူ(ကျွန်း) တစ်တင်းလျှင်ကျပ်(၈၈၀၀၀)ဖြစ်ပြီး ဖေဖေါ်ဝါရီ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၅၀၀)ခန့် ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၅၀) မှ (၅၀၀) ထိ ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)