ကျိုက်လတ်မြို့ ဆန်းသစ်ကျော်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှု့နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် သမတ်ပြေကျေးရွာရှိ ဒေါ်အေးမူ ပိုင်ဆိုင်သော ဆန်းသစ်ကျော်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု့နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်ကြိတ်ခွဲရာမှ ကြိတ်ခွဲထုတ်လုပ်မှု့ အရည်အသွေးပြည့်မှီရေးနှင့် အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှု့ရှိ/ မရှိ၊ ပုဂ္ဂလိကကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်၊ စပါး ဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ်စေရေး၊ ထွက်ရှိသောထုတ်ကုန်များ ထုတ်ပိုးမှုအခြေအနေများ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ်ကြိတ်ခွဲမှုရှိ/ မရှိ၊ စပါးသက်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း၊  ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို အလုပ်သမားမိသားစုများအတွက်  စားဝတ်နေရေးပြေလည်စေနိုင်မှု အခြေအနေများမေးမြန်းခြင်းနှင့် ဆန်စက်ရှိသိုလှောင်ရုံများအား online မှတ်ပုံတင်ထားခြင်း ဆောင်ရွက်ထားမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)