ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံ(ဖြူ)ဈေးအေးနေ

Powered by Drupal

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ၊ ဒုတိယအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(ဖြူ)များ စတင် ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(ဖြူ) တစ်တင်းလျှင်(၈၈၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၄၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင် (၉၁၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက်  ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင် (၂၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ ကြောင်း၊ ယခုအပတ်၌ ပဲစဉ်းငုံ(ဖြူ)ဈေး ငြိမ်နေသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)