ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း ၊ ကြောင်လျှာ ပွင့်ခြောက်သည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေ သည့်  ကြောင်လျှာပွင့်ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၂၀၀)ကျပ်၊ (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြောင်လျှာပွင့် အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်သည် လူကြိုက်များကာ ဈေးကောင်းရကြောင်း  ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)