ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက်ဈေးနှုန်းများမှာ (၁)ပြည်ပါတစ်ထုပ်လျှင်(၁၅၀၀)ကျပ်၊ (၂)ထုပ် လျှင်(၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီးအစို(၂)ပိဿာကို အခြောက်လှမ်းလျှင် ခရမ်းသီး ခြောက်(၁)ပြည်ရကြောင်း၊ ခရမ်းသီးခြောက်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာများမှလည်း လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံရောင်း ချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)