ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသည့် ဂန္ဓမာပန်း ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်နေပြည်သူများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း၊ ဂန္ဓမာပန်းများကို ဘုရားကပ်လှူရန် အများဆုံးဝယ်ယူကြကြောင်း၊ နေအိမ်အတွင်း မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားသီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချ သည့်အတွက် ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ဒေါ်မိုးမိုးထံမှ သိရသည်။

ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် ၃၀၀၀၀၀ကျပ်ခန့်ကုန်ကျပြီး အပင်ရေ ၂၅၀၀ခန့်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့စတင်ရောင်းချကြောင်း၊ မတ်လ တတိယပတ်အတွင်း ပန်းပွင့်ကြီးလျှင် အခက်ကြီး(၁)ခက်ကို ၅၀၀ကျပ်၊ ပန်းပွင့်သေးလျှင်(၃)ခက်ပါ(၁)စည်းကို ၁၂၀၀ ကျပ်ဖြင့် နေ့စဉ်ကန့်ဘလူမြို့မဈေးသို့ သွားရောက်ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)