ဘားအံဒေသထွက် မြေပဲဈေးနှုန်း

Powered by Drupal

ဘားအံမြို့၊ မတ် လ ၁၇ ရက်

          ၂၀၂၅ခုနှစ် မတ်လ တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် မြေပဲများ အရောင်းသွက် လျက်ရှိကြောင်းသိရသည်။ မြေပဲကို ဘားအံမြို့ အနီးတစ်ဝိုက်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသည်။ မြေပဲများသည် ဒီဇင်ဘာလတွင် စတင်ထွက်ရှိပြီး ယခင်လဒေသထွက်မြေပဲဈေး (၁)ပြည်လျှင် (၄၅၀၀)ကျပ်နှင့် ပြုတ်ပြီးသားမြေပဲ (၁)ဗူးလျှင် (၈၀၀)ကျပ် နှင့် ယခုလ ဒေသထွက်မြေပဲ (၁)ပြည်လျှင် (၃၀၀၀)ကျပ်နှင့် ပြုတ်ပြီးသား မြေပဲ (၁)ဗူးလျှင် (၇၀၀/၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေသည်။ ဈေးနှုန်းကြည့်ခြင်းအားဖြင့် မြေပဲဈေးနှုန်း ကျသော်လည်း မြေပဲပြုတ်ဈေးနှုန်းမကျရ ခြင်းမှာ လောင်စာမီးသွေးဈေးနှုန်း အနည်းငယ်မြှင့် နေခြင်းဖြစ်ကြောင်းသိရသည်။

DOCA(ကရင်)