ကြက်သွန်နီအကြောင်းသိကောင်းစရာ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့ အရှေ့ဘက် သဲချောင်းရွာတွင် ကြက်သွန်ပင်များ စိုက်ပျိုးကြပါသည်။ ကြက်သွန်ပင်များတစ်တောင်ကို အပင်စိတ်လျှင် (၆၀၀၀) ကျပ်ဖြင့်ရောင်းချပြီး အပင်ကြဲလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချပါသည်။ ကြက်သွန်ပင်စိုက်ပျိုးမည် ဆိုလျှင် အရင်ဘောင်ဆွဲမြေဆွပြီးမှသာလျှင် စိုက်ပျိုးကြရပါသည်။ ကြက်သွန်ပင်တစ်ဘောင်ကို ဘောင်ကျဉ်း လျှင်တစ်ဒေါင်ဖြင့်သာ စိုက်ပျိုးကြရပါသည်။ ဘောင်ကျယ်လျှင်တစ်‌ဒေါင်ခွဲနှစ်ဒေါင်ခန့် စိုက်ပျိုးကြရ ပါသည်။ စိုက်ပျိုးပြီးလျှင် မနက်(၁)ကြိမ် ညတစ်ကြိမ် ရေလောင်းပေးရပါမည်။ (၁)လခန့်ကြာလျှင် ဓာတ်ဆားများလောင်းပေးရပါသည်။ ကြက်သွန်နီပေါ်ချိန်မှာ (၃)လခွဲ(၄)လလောက်ခန့်ကြာလျှင် ကြက်သွန်နီဥများ တူးဖော်၍ရပါသည်။ ယခုအချိန်ကာလသည် ကြက်သွန်နီပေါ်ချိန်ဖြစ်သည့်အတွက် စျေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ကြက်သွန်နီဥ အကြီးတစ်ပိဿာ(၃၅၀၀)ကျပ်၊ ကြက်သွန်နီဥအသေးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချ လျက် ရှိနေကြောင်း နတ်တလင်းမြို့ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)