
ပြည်ခရိုင်၊ ပြည်မြို့နယ် စည်ပင်သာယာဈေးများတွင် ဆီးသီးများစတင် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွားများမှ အဝင်ရှိပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်လည်းရှိပါသည်။ ဆီးသီးဈေးမှာ တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀)ကျပ်နှုန်း ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ဆီးသီးအမျိုးမျိုးရှိရာ အများအားဖြင့် ဆီချဉ်သီး များဖြစ်ကြပါသည်။ ဆီးသီးအမှည့်များကို တချို့ကခူး၍ရောင်းချကြသလို တချို့မှာ ဆီးသီးကို အခြောက်ခံ၍ ဆီးယိုထိုး၍လည်းကောင်း၊ အမှုန့်ပြုလုပ်၍ ဆီးပေါင်း၊ ဆီးပြားပြုလုပ်၍လည်းကောင်း၊ ဆီးသီးအခြောက်မှုန့်များကို ဆီးဖျော်ရည်ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)