
ပြည်ဈေးကွက်တွင် အရသာခါးသက်မှုရှိသော တမာရွက်ကို အချဉ်ဖေါက်ထားသော တမာချဉ် များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဒေသအနီးရှိ ကျေးရွာများနှင့် ပြည်မြို့ တစ်ဖက်ကမ်းရှိ ဖိုးနီတောင်၊ ညောင်ပင်သာ၊ မကျီစုရွာများမှ ပြည်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပါသည်။ တမာ ချဉ်ကို ပြုလုပ်ရာတွင် တမာရွက်နုနုကို ရေနွေးကျွတ်ကျွတ်ဆူတွင် နွမ်းသွားယုံနှစ်ကာဆယ်၍ အေးအောင်ထားကာ ကြိုပြိးသားဆီးသီးရည်ထဲတွင် ဆားငံငံခတ်ပြီး တမာရွက်နုနုအစည်းများကို အိုးသန့်သန့်ထဲတွင်ထည့်ပြီး ဖိသိပ်ထားကာ အပေါ်မှဆားကို မနည်းမများဖြူးကာ ဖက်လုံလုံဖြင့် ပိတ်ထား၍ အချဉ်တည်ရပါမည်။ တစ်ချို့မှာ မန်ကျည်းမှည့်ဖြင့် ပြုတ်၍လည်း အချဉ်တည် စားသုံးကြပါသည်။ တမာချဉ်ကို ခရမ်းချဉ်သီးငပိချက်၊ ငါးပိရည်၊ ငရုပ်သီးစပ်စပ်ဟင်းများနှင့် တွဲကာ တို့စရာအဖြစ်တွဲဖက်စားသုံးကြပါသည်။ ပြည်တမာချဉ်များကို ပြည်မြို့ပေါ်ရှိ ဈေးများအပြင် ရန်ကုန် ဘက်သို့လည်း တင်ပို့ရောင်းချကြပါသည်။ တမာချဉ်ကို ပြည်မြို့ပေါ်ရှိ ဈေးကွက်များတွင် တစ်စည်း လျှင် (၅၀၀-၆၀၀)ကျပ်နှုန်းများဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)