
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ တနိုင်တပိုင် ကြံစိုက်တောင်သူများမှ နဝဒေးသကြားစက်သို့ ကြံများရောင်းချကြပါသည်။ ကြံ(၁)တန်လျှင် စက်ရုံမှ (၁၈၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူ၍ (၂၇.၁.၂၀၂၅)နေ့ထိ ကြိတ်ဝါးပြီး ကြံတန်ချိန် (၁၈၅၉၂၃.၉၀)တန်၊ ကြိတ်ဝါးပြီး သကြားတန်ချိန်(၁၇၈၀၀.၆၀)တန် ဖြစ်ကြောင်း သိရှိရပါသည်။ နဝဒေးသကြား စက်မှုထုတ်လုပ်ရရှိသည့် သကြားများကို ပြည်တွင်းမှာပင် ပြန်လည်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)