
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသီးနှံအချို့ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ကုလားပဲသီးနှံကတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။ ပဲဟောင်းသီးနှံများအား ဒေသတွင်း ပဲခွဲစက်သမားများနေ့စဉ် အဝယ်ရှိနေတာကြောင့် အိတ်(၂၀၀-၃၀၀)ကျော် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်း(၉၅၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနည်းတူ ဈေးပြိုင်ရရှိခဲ့ပေမယ့် ယခင်နှစ်ကဈေးကို မမှီဘဲဈေးလျော့နည်းခဲ့းပါသည်။ ယခင်နှစ်က ကုလားပဲသီးနှံ၏ နှစ်ဆန်းပိုင်း ဈေးနှုူန်းမှာ တစ်တင်း (၁၀၀၀၀၀)ကျပ်နှုန်းအထိ ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ ဈေးကာင်းဝင်သီးနှံဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)