ပြည်ခရိုင်၊ ပြည်မြို့ရှိ ဒေသထုတ်ကုန်အရောင်းစင်တာ

Powered by Drupal

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs ဒေသထုတ်ကုန်များဈေးကွက်ပိုမိုရရှိစေရေးနှင့် ပိုမိုတိုးမြှင့် ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပ‌ဈေးကွက်ထိ တင်ပို့ရောင်းချနိုင်ရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အရောင်းစင်တာ အား ဖွင့်လှစ်ဆောက်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့ရှိ အရောင်းစင်တာကို (19.11.2023) ရက်နေတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။အရောင်းစင်တာတွင် တိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရန်အတွက်-

(က)    ‌တောင်ငူခရိုင်မှ အမျိုးအစား(5)မျိုး၊ အမယ်(9)မျိုး

(ခ)     ညောင်လေးပင်ခရိုင်မှ အမျိုးအစား(2)မျိုး၊ အမယ်(7)မျိုး

(ဂ)     ပဲခူးခရိုင်မှ အမျိုးအစား (9)မျိုး၊ အမယ် (114)မျိုး

(ဃ)    သာယာဝတီခရိုင်မှ အမျိုးအစား(2)မျိုး၊ အမယ်(2)မျိုး

(င)     နတ်တလင်းခရိုင်မှ အမျိုးအစား(3)မျိုး၊ အမယ် (14)မျိုး

(စ)     ပြည်ခရိုင်မှ အမျိုးအစား(8)မျိုး၊ အမယ်(35)မျိုး

(ဆ)    MEC မှ အမျိုးအစား (1)မျိုး ၊ အမယ်(35)မျိုး

စုစုပေါင်း အမျိုးအစား(30)မျိုး နှင့် အမယ် (238)မျိုးတင်ပြရောင်းချထားပါသည်။

စင်တာရောင်းချရမှုအနေဖြင့် တစ်နှစ်အတွင်း ငွေကျပ်သန်းပေါင်း 142.5 တိတိကို ရောင်းချ ခဲ့ရကြောင်းသိရှိပါသည်။

DOCA(ပဲခူး)