
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အသေးစားလုပ်ငန်းများစွာ ထွန်းကားလျက်ရှိ ပါသည်။ လုပ်ငန်းများစွာအနက်“တော်ဝင်သူ”အမှတ်တံဆိပ်ခေါင်းလျှော်ရည် လုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
“တော်ဝင်သူ” ခေါင်းလျှော်ရည်ကို ဓာတုလျှော့ချနည်းပညာဖြင့် ထုတ်လုပ်ထားပါသည်။ ခေါင်းလျှော်ရည်တွင် တရော်၊ ကင်ပွန်းသီး၊ မန်ကျည်းမှည့်၊ ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ ကန်စွန်းရိုး နီ၊ သခွားသီး၊ ပျားရည်၊ ပျင်းတော်သိမ်၊ သံလွင်ဆီ၊ ထောလပတ်၊ လက်ဖက်တို့ပါဝင်ပြီး သဘာဝ အသီး အရွက်များဖြင့် အချိုးကျပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ခေါင်းလျှော်ရည်ကို သုံးစွဲခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဦးရေပြားဗောက်ထခြင်းတို့ကို သက်သာစေခြင်း ဆံသားများ နူးညံ့ ပျော့ပြောင်းပြီး ဆံပင်အရှည်မြန်စေပါသည်။
“တော်ဝင်သူ” ခေါင်းလျှော်ရည်ကို လက်ကားဈေး ဘူးသေးတစ်ဘူးလျှင် ၂၂၀၀ ကျပ်၊ လက်လီ ဘူးသေးတစ်ဘူးလျှင် ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဘူးကြီးတစ်ဘူးလျှင် လက်ကားဈေး ၈၅၀၀ ကျပ်၊ လက်လီဈေး ၉၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် တောင်ငူမြို့နယ် အတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အခြားမြို့နယ်များသို့ ဆက်လက် ဖြန့်ဖြူးရောင်းချ နိုင်ရန် ကြိုးစားလျက် ရှိပါကြောင်း တော်ဝင်သူ ခေါင်းလျှော်ရည် လုပ်ငန်းပိုင်ရှင်ဒေါ်မိုးသန္တာ ၏ ပြောကြားချက် အရ သိရှိရပါသည်။
DOCA(ပဲခူး)