တောင်ငူမြို့တွင် အိမ်မွေးကြက်သား စျေးအနည်းငယ်တက်

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။

          ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ငါးဖယ်ခြစ်မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်သွားကြောင်း ညောင်ပင်စျေးရှိ အသား၊ငါး အ‌ရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)