လက်ပံတန်းမြို့ဈေးကွက်အတွင်း၌ကျဆင်းနေတဲ့ဂျင်းနှင့်ကြက်သွန်ဖြူ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင်လည်း ၈၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းသိရှိ ရပါသည်။     

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ယခု  မတ်လဒုတိယပတ်တွင် ၁၆၀၀ ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သား လျှင် ၁၅၀၀/ ကျပ်ပေါက်ဈေးရှိနေပြီး ယခုမတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၃၀၀/ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိ နေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)