
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကြံစိုက်ပျိုးမှု (၇၈)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မအူပင်မြို့နယ်အနေဖြင့် သတလုပ်လပ်အနောက်ကျေးရွာတွင် ၁ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးမှု ၁ဧကတွင် ကြံဝါ ၃၆၀၀ပင်စိုက်ပျိုး နိုင်သည်။ မျိုးအနေဖြင့် ၃ဆစ်မျိုးဟုခေါ် ပြီး ၁ပင်ကို ၁၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ ကျွေးရပြီး စိုက်ပျိုး မြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ (၂၅)တန်ထွက်ရှိမှု လျာထား သတ်မှတ်ခဲ့ရာ (၂၈)တန်ထွက်ရှိလာကြောင်းသိရသည်။
ကြံဝါစိုက်ပျိုးရာတွင် ပထမစိုက်မြောင်းထပ်တိုးခြင်းလုပ်ငန်း လုပ်ဆောင်ရခြင်း၊ ဒုတိယအကြိမ် အပင်ပေါက်အလွှာထိုး အစာလိုက်ပေးရခြင်း၊ တတိယ အစားထိုး စိုက်မြောင်းလုပ်ဆောင် ပေးရခြင်း တို့ကို လုပ်ဆောင်ရပြီး ရေကို ၁၀ရက် တစ်ကြိမ် တင်ပေးရကြောင်း၊ နှစ်တစ်နှစ်၏ ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၈-၉ လအကြာတွင် ရောင်းတမ်းဝင်သည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့် ၂၄သိန်းကျပ် ကုန်ကျကြောင်း သိရသည်။ ကြံချောင်းတစ်ချောင်းကို ၈၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ၁၀၀၀-၁၂၀၀ ကျပ်အထိ ရရှိကြောင်း၊ စိုက်ပျိုးမှု အပင် ၃၆၀၀ပင်တွင် အထွက်နှုန်းအနေဖြင့် ၇၀၀၀ ပင်အထိထွက်ရှိကြောင်း သိရသည်။ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၆ ၀၀၀ ၀၀၀ ရရှိကြောင်း သိရသည်။
မအူပင်မြို့နယ်မှ ထွက်ရှိလာသော ကြံများကို ရန်ကုန်သကြားစက်သို့ တင်ပို့ရောင်းချရကြောင်း ယခင်နှစ်ကထက်ပို၍ စျေးကောင်းရရှိကြောင်းနှင့် ဒေသတွင်း ကြံရည် ရောင်းချသူများကလည်း လာရောက်ဝယ်ယူကြကြောင်း ကြံဝါသည် အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်သောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)