
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မေမြို့ပန်းကို မြို့အနီးရှိ ညောင်ပင်သာကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာနှင့် မယ်ဇလီတောကျေးရွာများတွင် အဓိကစိုက်ပျိုး ရောင်းချလျက်ရှိသည့်အပြင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှလည်း မှာယူရောင်းချလက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မေမြို့ပန်း သုံးပင်ပါ(၁)စည်းလျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မေမြို့ပန်းပေါ်စအချိန် ဖေဖော်ဝါရီလ(ပထမပတ်)တွင် မေမြို့ပန်း သုံးပင်ပါ (၁)စည်းလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ လနှစ်လဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ် (၅၀၀-၁၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ယခုမတ်လတွင် ဒေသတွင်းရှိ မေမြို့ပန်းစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးနှုန်းမှာ ယခင်လကထက် ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးအတွင်း ပန်းရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)