
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်ဖြူ(ကြူကုတ်)ကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ဗမာကြက်သွန်ဖြူကို မင်းဘူးမြို့နှင့် မကွေးမြို့ရှိပွဲရုံများမှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် (တတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ် (၂၂၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ဗမာ) ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) ကျပ်(၄၀၀၀) ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် ကြက်သွန်ဖြူ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများလာသောကြောင့် ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချသည့် ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)