မကွေးမြို့၌ ငရုတ်သီးခြောက်(ရှည်)ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဓိက စိုက်ပျိုးကြပြီး ထွက်ရှိလာသော ငရုတ်သီးများကို မင်းဘူးမြို့နှင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မကွေးမြို့၌ ငရုတ်သီးခြောက်(ရှည်) (၁)ပိဿာလျှင် ကျပ်(၁၁၅၀၀) ရောင်းချလျက်ရှိရာ ယခင်(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်သီးခြောက် (ရှည်) ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခုအချိန်တွင် ဆင်ဖြူကျွန်းဒေသထွက် ငရုတ်သီး ခြောက်(ရှည်)အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများလာသော ကြောင့် ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသည့်ဈေးသည် တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)