
မြန်မာ့သနပ်ခါးသည် “သနခါ”ဟူသော စကားမှ ဆင်းသက်လာပြီး “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန် တွင် “မသန့်မရှင်းဖြစ်သည်။ ယုတ်ညံ့သွားသည် ”ဟုဆို ပါသည်။ “ခါ” ကမူ “စွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်ပေးသောအရာပင် ဖြစ်ပါသည်။ သနခါမှ ကာလရွေ့လျားလာ၍ သနပ်ခါးဟု ပြောင်းလဲလာခြင်းဟု သိရသည်။ သနပ်ခါးသည် မြန်မာ့နံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာ တစ်မျိုးဖြစ်သည်။ မာလာအောင်(ယဉ်ကျေးမှု)၏ ဆောင်းပါးတွင် သနပ်ခါး၏ အမည်နာမနှင့် အမျိုးအစားများကိုခွဲခြားဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။
မအူပင်ခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၅.၃.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့တက်ရောက်ခဲ့ကြပြီး သနပ်ခါးသွေးလူးခဲ့ကြပြီး ကျောင်းသား၊ လူငယ် ၅၀ဦး ဌာနဆိုင်ရာ ၁၅ဦး တက်ရောက်ခဲ့ကြပြီး အချင်းချင်းအပြန်အလှန် သနပ်ခါးလူးပေးခဲ့ပြီး သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်တစ်ခုဖြစ်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိသဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)