
မအူပင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေစပါးစိုက်ဧက ၈၃၉၄၈ဧက ရှိကြောင်း သိရသည်။ တလုတ်လပ် အနောက် ဦးအေးလှိုင် ၏ နွေစပါး GW-11 စိုက်ပျိုးထွက်ရှိ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ တောင်သူမှ စပါး ၁၂ဧက စိုက်ပျိုးထားပြီး အခြားသီးနှံများ သံပုရာ၊ ရုံးပတီ၊ ချဉ်ပေါင်၊ ဆလပ်၊ သင်္ဘောသီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။
စပါးစိုက်ပျိုးရာတွင် GW-11 မျိုး နွေစပါးကို စိုက်ပျိုးနေပြီး မျိုးစပါးဈေး ၁တင်းကို ၈၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ပျိုးဧက ၁ဧကတွင် မျိုးစပါး ၂တင်း စိုက်ပျိုးကြောင်း သိရသည်။ ကုန်မြေမြင့်လယ်မြေများတွင် ၁၅ရက်စောစိုက်ပျိုးပါက စောစောထွက်ရှိကြောင်း၊ နွေစပါူကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စတင်စိုက်ပျိုး ယခု ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ရိတ်သိမ်းပြီဖြစ်ကြောင်းသိရသည်။ ၁ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၆၀၀၀၀၀ ကုန်ကျကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် ၁ဧကလျှင် ၁၂၀ မှ ၁၄၀ တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရသိရပြီး နွေစပါး GW-11 ဈေးနှုန်း ၁တင်းလျှင် ကွင်းဈေး ၁၄၅၀၀ ကျပ်အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ အကျိုးအမြတ်အနေဖြင့် ၁၇၄၀၀၀၀ ကျပ် ရရှိသဖြင့် တောင်သူမှ GW-11 နွေစပါး ၁ဧက ကို ၁၁၄၀၀၀၀ ကျပ် အကျိုးအမြတ်ရရှိကြောင်း ယခင်နှစ်ထက် အကျိုးအမြတ်နည်းပြီး ယခုနှစ် စပါးအထွက်ကောင်းသော်လည်း ဖြုတ်ပိုးကျသဖြင့် ပိုကျအန္တရာယ်များ ဖြေရှင်နေရကြောင်း တောင်သူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)